နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်သမ္မတ မစ္စတာ တိုလန်း တို့ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သီးသန့်တွေ့ဆုံဆွေးနွေး

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၆
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၅ ရက်တွင် ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်း (To Lam)၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ အမျိုးသားလွှတ်တော် ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲ မစတင်မီ သမ္မတနှစ်ဦးနှင့် ဇနီးတို့သည် အမျိုးသားလွှတ်တော်သို့ အတူတကွ လမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။

ထို့နောက် ပြုလုပ်သည့် သီးသန့်တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။


source: HOS
