မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟု ဒုတိယသမ္မတ ဦးညိုစော ပြောကြား


စက်တင်ဘာလ ၄ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိကြောင်း ဒုတိယသမ္မတ ဦးညိုစောက စက်တင်ဘာ ၃ ရက်တွင် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် Digital Transformation Artificial Intelligence Innovation & Modern Infrastructure တို့သည် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ပြည်သူ့ဝန်ဆောင်မှုများနဲ့ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်စေရန်အရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကဏ္ဍများမှာ ခေတ်မီနည်းပညာများအသုံးချပြီး ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
