၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်သည်၊ ကျောင်းသား၊ ကျောင်းသူ ထူးချွန်ဆုရရှိသူများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေးကျောင်းများအား ဂုဏ်ပြုဆုပေးအပ်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


ယင်းအခမ်းအနားတွင် ခြောက်ဘာသာဂုဏ်ထူးရရှိသူ ၅၃ ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ ၁၂၀ ဦး၊ လူရည်ချွန်ဆုရရှိသူ ၂၉ ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၅ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၈ ဦးတို့အပြင် အောင်ချက်အကောင်းဆုံး ဖြစ်ခဲ့သည့် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းများနှင့် တပ်မတော်ပညာရေးကျောင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြပါတယ်။ ကျန်ရှိသည့် ဆုရရှိသူများကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီး၌ ထပ်မံပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
