// | DailyBriefNews တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းသံအမတ်ကြီးနှင့်တွေ့ဆုံ၍ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားမဝင် ရောင်းဝယ်မှု တားဆီးရေး ဆွေးနွေး -

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းသံအမတ်ကြီးနှင့်တွေ့ဆုံ၍ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားမဝင် ရောင်းဝယ်မှု တားဆီးရေး ဆွေးနွေး

စက်တင်ဘာလ ၁ ရက်၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ညပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။ ထို့အပြင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ တားဆီးနှိမ်နင်းရေးနှင့် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှု တားဆီးထိန်းချုပ်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒုတိယသမ္မတ ဦးညိုစော (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ
Next post ဗီယက်နမ် အမျိုးသားနေ့အတွက် ဗီယက်နမ်သမ္မတ တိုလမ် ထံ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် သဝဏ်လွှာပေးပို့