// | DailyBriefNews ပုသိမ်ကြီးမြို့နယ်တွင် အရုဏ်ဆွမ်း ဘုန်းပေးခဲ့သည့် သံဃာ ၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား -

ပုသိမ်ကြီးမြို့နယ်တွင် အရုဏ်ဆွမ်း ဘုန်းပေးခဲ့သည့် သံဃာ ၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

1000056081

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော် စာသင်တိုက်မှ သံဃာတော်များနှင့် ကိုရင်အပါး ၉၀ ကျော်သည် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းက အရုဏ်ဆွမ်း ဘုန်းပေးပြီးနောက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စာသင်တိုက်တွင် လက်ဖက်ထမင်း၊ ငါးဖယ်သုတ်၊ ကြက်သားဟင်းရည်နှင့် ငရုတ်သီးကြော်တို့ဖြင့် အရုဏ်ဆွမ်း ဘုန်းပေးခဲ့ကြပြီးနောက် အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက သွားရောက်ကူညီပေးခဲ့ကြပြီး အစာအဆိပ်သင့် သံဃာတော်များအနက် အပါး ၃၀ ပါးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ၄၆ ပါးအား ကျောက်မီးတိုက်နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်း ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကာ စာသင်တိုက်အတွင်း၌ပင် သံဃာအပါး ၂၀ အား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။

လက်ရှိတွင် သံဃာတော်များနှင့် ကိုရင်များမှာ သက်သာလာကြပြီဖြစ်ပြီး စိုးရိမ်စရာမရှိတော့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) မှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မလေးရှားတွင် မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၇ ဦးနှင့် လမ်းပြ ဒေသခံ ၁ ဦး ဖမ်းဆီးခံရ
Next post မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်မည်