// | DailyBriefNews Tesla ကုမ္ပဏီက တရုတ်နိုင်ငံရှိ EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်း -

Tesla ကုမ္ပဏီက တရုတ်နိုင်ငံရှိ EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်း

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆

Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း ရောင်းချထားသော EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း CNBC သတင်းတွင် ဖော်ပြထားပါတယ်။

ယခု ပြန်လည်သိမ်းဆည်းရခြင်းမှာ လက်ကိုင်ပျောက်ဒီဇိုင်းပါရှိသည့် ခေါက်တံခါးလက်ကိုင်များ (Flush door handles) တပ်ဆင်ထားသည့် ကားများကို လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ ပိတ်ပင်တော့မည်ဖြစ်သော ကြောင့်ပါ။ ပြင်းထန်သော ယာဉ်တိုက်မှုများ ဖြစ်ပွားပါက ကား၏ ဗိုအားစနစ်များ ပျက်စီးပြီး အဆိုပါ ခေါက်တံခါးလက်ကိုင်များ ချွတ်ယွင်းသွားနိုင်သဖြင့် ယာဉ်အတွင်း လိုက်ပါသူများ ထွက်ပြေးရန်နှင့် အပြင်မှ ကူညီကယ်ဆယ်သူများ တံခါးဖွင့်ရန် ခက်ခဲစေသည့် ဘေးအန္တရာယ်ရှိကြောင်း Tesla က ထုတ်ပြန်ထားပါတယ်။

ပြန်လည်သိမ်းဆည်းမည့် ယာဉ်များတွင် ၂၀၁၉ ခုနှစ် မတ်လ ၄ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီလ ၂၉ ရက်အတွင်း ထုတ်လုပ်ခဲ့သော Model 3၊ Model Y၊ Model S နှင့် Model X တို့ ပါဝင်ပါတယ်။ Tesla အနေဖြင့် သိမ်းဆည်းထားသော ယာဉ်များတွင် သတိပေးတံဆိပ်များ ကပ်ပေးမည်ဖြစ်ပြီး မတော်တဆမှု ဖြစ်ပါက ပြတင်းပေါက်များ အလိုအလျောက် ပွင့်သွားစေရန် ဆော့ဖ်ဝဲကို အင်တာနက်မှတစ်ဆင့် (OTA) အဆင့်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိတွင် Tesla သည် တရုတ်ဈေးကွက်၌ BYD နှင့် Xiaomi စသည့် ပြည်တွင်းပြိုင်ဘက်များ၏ ဖိအားကို ရင်ဆိုင်နေရပြီး Xiaomi နှင့် Geely အပါအဝင် တရုတ်ကားကုမ္ပဏီ ၉ ခုကလည်း ၎င်းတို့၏ ခေါက်တံခါးလက်ကိုင်ပါ ကားများကို ပြန်လည်သိမ်းဆည်းနေကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
Next post MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ကို သီးခြားစီတွေ့ဆုံ