အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆
အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းတဲ့ ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တပ်မတော်ဆေးတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ သင်ထောက်ကူပစ္စည်းများမှာ ဝမ်းဗိုက်နဲ့အရိုးဆစ်များအတွင်း အပေါက်ငယ်များဖောက်ကာ ကင်မရာဖြင့်ကြည့်ပြီး ခွဲစိတ်တဲ့စက်ကိရိယာတစ်စုံ၊ အဆင့်မြင့်သွားတုပုံဖော်စက်တစ်စုံ၊ မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးတဲ့ စက်တစ်စုံ၊ ရောဂါဗေဒဓာတ်ခွဲခန်းမှာ အသားစမှန်ပြားများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ကူးယူတဲ့စက်တစ်စုံ၊ ဆေးပညာသင်ကြားရေးဆိုင်ရာ အဆင့်မြင့်အသံနဲ့ကင်မရာစနစ်တစ်စုံ၊ သင်ကြားရေးသုံး မျက်နှာပြင်ကျယ်ကွန်ပြူတာ ဖန်သားပြင်များနဲ့ အရည်အသွေးမြင့် ပရိုဂျက်တာများပါဝင်ပြီး ဆေးပညာသင်ကြားရေး၊ သုတေသနနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရပါတယ်။

