// | DailyBriefNews ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူး လွှတ်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား -

၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူး လွှတ်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

photo_2026-08-24_10-58-19

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆

လာမည့် ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူးကို အာကာသယာဉ်နှင့် စေလွှတ်နိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်သမ္မတ၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ် အောင်မြင်မှုများနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ရှင်းလင်းပြောကြားစဉ် ၎င်းက ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) တို့အကြား ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူး စေလွှတ်ရေး အပါအဝင် ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး Station တည်ဆောက်ရေး၊ GNSS Station တည်ဆောက်ရေးနှင့် ကမ္ဘာမြေအနီး အာကာသ အန္တရာယ် စောင့်ကြည့်ကာကွယ်ရေး Station တည်ဆောက်ရေး စသည့် အဓိက အချက် ၄ ချက်ပါဝင်သော နားလည်မှုစာချွန်လွှာ (MoU) ကို သြဂုတ် ၁၈ ရက်က မော်စကိုမြို့၌ နှစ်နိုင်ငံ သမ္မတများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထို့အပြင် ဘယ်လာရုစ်နိုင်ငံနှင့်လည်း မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှ အာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ် တည်ဆောက်ရေးနှင့် ဘယ်လာရုစ် အမျိုးသားတက္ကသိုလ်တို့အကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် စာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုကိုလည်း လဲလှယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပါကစ္စတန် စစ်တပ်အကြီးအကဲ အီရန်နိုင်ငံသို့ သွားရောက်မည်
Next post SCALP ဒုံးကျည်ဆိုင်ရာ လျှို့ဝှက်ချက်များ ထုတ်ပြန်ခွင့်ပြုရန် ဗြိတိန် သဘောတူ