မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင်အဖွဲ့သားတွေဦးဆောင်ပြီး “ရေဘေးသင့်ပြည်သူများအတွက်အနုပညာအလှူပွဲတော်” ကို နှစ်ရက်တိုင်တိုင်ကျင်းပနေ

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၆
မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ မြို့ရွှေမန်းသား ဖိုးချစ်နှင့် ဇာတ်အလှသဘင် အဖွဲ့သားများ ဦးဆောင်၍ “ရေဘေးသင့် ပြည်သူများအတွက် အနုပညာ အလှူပွဲတော်” ကို ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ နှစ်ရက်တိုင်တိုင် ကျင်းပဖျော်ဖြေလျက် ရှိပါတယ်။


အဆိုပါ ဖျော်ဖြေပွဲမှ ရရှိလာသည့် လက်မှတ်ခ ငွေကြေးများ၊ ဆေးဝါးများနှင့် ဆိုလာမီး အပါအဝင် အဝတ်အထည်နှင့် လိုအပ်သည့် ပစ္စည်း အမျိုး ၄၀ နီးပါးကို လာမည့် ဩဂုတ် ၂၅ ရက် သို့မဟုတ် ၂၆ ရက်တို့တွင် ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းသွားမည် ဖြစ်ပါတယ်။


ပွဲစဉ်များကို ပရိသတ်များ တိုက်ရိုက် ကြည့်ရှုနိုင်ရန် Channel K TV ရုပ်သံလိုင်းနှင့် Facebook Page တို့မှ တိုက်ရိုက် လွှင့်ထုတ်ပေးနေပြီး လှူဒါန်းလိုသူများ အနေဖြင့် ဖုန်းနံပါတ် 09420640020 နှင့် 09944894644 တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါတယ်။
