// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့နှင့် ယနေ့ သြဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနှင့် ဘယ်လာရုစ် သမ္မတနှစ်ဦး မင့်စ်မြို့ သမ္မတနန်းတော်၌ တွေ့ဆုံဆွေးနွေးပြီး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး
Next post နိုင်ငံတော်သမ္မတ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနား တက်ရောက်