// | DailyBriefNews မြန်မာ့ဂီတလောကရဲ့ ဂန္ထဝင်အနုပညာရှင် မြန်မာပြည်သိန်းတန်ရဲ့ “ဂန္တဝင်သီချင်းဂီတည” တေးဂီတ Music Concert ဖျော်ဖြေပွဲ မြဝတီစင်တာမှာ ဩဂုတ်လ ၂၂ ရက် ကျင်းပမည် -

မြန်မာ့ဂီတလောကရဲ့ ဂန္ထဝင်အနုပညာရှင် မြန်မာပြည်သိန်းတန်ရဲ့ “ဂန္တဝင်သီချင်းဂီတည” တေးဂီတ Music Concert ဖျော်ဖြေပွဲ မြဝတီစင်တာမှာ ဩဂုတ်လ ၂၂ ရက် ကျင်းပမည်

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၆

မြန်မာ့ဂီတလောကရဲ့ ဂန္ထဝင်အနုပညာရှင် မြန်မာပြည်သိန်းတန်ရဲ့ “ဂန္ထဝင်သီချင်းဂီတည” တေးဂီတ Music Concert ဖျော်ဖြေပွဲကို လာမယ့် ဩဂုတ် ၂၂ ရက် ညနေ ၄ နာရီအချိန် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြဝတီစင်တာမှာ ကျင်းပမှာဖြစ်ပါတယ်။

“မြန်မာသံစဉ်ကိုမှ ခြောက်လုံးပတ်ဆရာ ကိုလတ်တိုးကလည်း ပါဝင်အားဖြည့်ပြီး တီးပေးမှာပါ။ မြန်မာသံတွေလည်း ပြည့်ပြည့်ဝဝ ကောင်းကောင်းမွန်မွန် ပြတ်ပြတ်သားသား ကြားရမှာပါ။ အန်ကယ့်ရဲ့ အကောင်းဆုံးတေးသီချင်းတွေရယ်၊ ပါဝင်အားဖြည့်ပေးမယ့် သူငယ်ချင်းအဆိုတော်တွေ စိုးပိုင်၊ နွဲ့ယဉ်ဝင်းတို့လည်းပါတယ်။ ကျွန်တော့်ရဲ့သူငယ်ချင်း စိုးပိုင်နဲ့က အရင် ဟိုးငယ်ငယ်ကတည်းက သူ့တို့ရဲ့ခြံဝင်းအတွင်း ဂစ်တာတီးခတ်ရင်း ကြီးပြင်းလာခဲ့ကြတာမို့ သံယောဇဉ် အမှတ်တရတွေလည်း အများကြီးရှိပါတယ်။ နောက်မျိုးဆက်သစ်တွေဖြစ်တဲ့ မောင်ဖြိုးမြတ်အောင်ပါမယ်။ သမီးငယ်အဆိုတော်တွေပါမယ်။ အဲဒီတော့ ဒီ ဖျော်ဖြေမှုအစီအစဉ်ကြီးဟာ ဂန္ထဝင်သီချင်း ဂီတညဖျော်ဖြေမှုပွဲကြီးပါ။ အန်ကယ်နဲ့ ပူးပေါင်းပြီးတော့မှ ထူးထူးခြားခြားနဲ့ နာမည်ကောင်းတွင်ပြီးတော့မှ ကျန်ရစ်ခဲ့တဲ့ ပွဲကြီးဖြစ်မှာပါ။ အဓိပ္ပာယ်ရှိတဲ့ ဂီတပွဲကြီးမို့ ပရိသတ်တွေအတွက် အသည်းထဲမှာ စွဲပြီးတော့ ကျန်ရစ်ခဲ့ရတဲ့ သီချင်းဂီတပွဲစစ်စစ်မို့ လာရောက်အားပေးဖို့ ပြောချင်ပါတယ်”လို့ မြန်မာပြည်သိန်းတန်ကပြောပါတယ်။

အဆိုပါဖျော်ဖြေပွဲမှာ ဂီတပညာရှင်တွေနဲ့ နာမည်ကျော်တေးသံရှင်တွေဖြစ်တဲ့ တေးသံရှင် နွဲ့ယဉ်ဝင်း၊ တေးသံရှင် စိုးပိုင်၊ စန္ဒယား မျိုးနိုင်၊ Myanmar Idol Winner ဖြိုးမြတ်အောင်၊ မေသက်ထားဆွေ၊ မေလသံစဉ် စတဲ့သူတွေက ပါဝင်အားဖြည့်သွားမှာဖြစ်ပြီး Bass ဂစ်တာသမားတွေ၊ Band တွေနဲ့အတူ Rock သီချင်းတွေအပြင် မြန်မာသံစဉ်တွေကို အကောင်းဆုံးဖျော်ဖြေတင်ဆက်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စန္ဒရားမျိုးနိုင်ရဲ့ တီးခတ်သီဆိုမှု စွမ်းရည်တွေကို ပရိသတ်များထံ အပြည့်အဝ တင်ဆက်ပြသမှာ ဖြစ်သလို ဖြိုးမြတ်အောင်ကလည်း Platinum Hit သီချင်းတစ်ပုဒ်ကို သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

“ဂန္ထဝင်တေးဂီတည”Music Concert ပွဲကြီးအတွက် ပွဲလက်မှတ်တွေကို 09 765 663 611 ဆီ တိုက်ရိုက်ဆက်သွယ်မေးမြန်းဝယ်ယူလို့ရသလို Page Messenger / Viber မှတစ်ဆင့်လည်း လက်မှတ်တွေကို ရွေးချယ်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်လေ့လာ
Next post အိန္ဒိယအစိုးရ ထောက်ပံ့ငွေ ကျပ် ၁၀၉၁ ဒသမ ၄၇၅ သန်းဖြင့် လယ်ဝေးမူလတန်းကြိုကျောင်းတွင် နှစ်ထပ်အဆောက်အအုံ နှစ်လုံး ဆောက်လုပ်မည်