ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား


ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆
မြန်မာ – ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မင့်စ်မြို၊ President ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတက မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာ၍ လက်တွေ့ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ တိုးချဲ့ရန်နှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း သိရပါတယ်။
