// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Alexander Turchin ဂါရဝပြုတွေ့ဆုံ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Alexander Turchin ဂါရဝပြုတွေ့ဆုံ

ဩဂုတ် ၂၀၊ ၂၀၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ယနေ့ ဩဂုတ် ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့ရှိ President Hotel ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် President Hotel သို့ ရောက်ရှိလာရာ ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Alexander Turchin တို့သည် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ မင့်စ်မြို့ Victory Monument တွင် ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ