// | DailyBriefNews USDP နှင့် ဘယ်လာရုစ် Belaya Rus ပါတီတို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ဆွေးနွေး -

USDP နှင့် ဘယ်လာရုစ် Belaya Rus ပါတီတို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ဆွေးနွေး

ဩဂုတ် ၁၄၊ ၂၀၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E. Volha Chamadanava တို့သည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံ၍ နှစ်ပါတီအကြား သဘောတူညီချက်နှင့် အကောင်အထည်ဖော်မည့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံစဉ် USDP နှင့် Belaya Rus ပါတီတို့အကြား ရရှိထားသည့် နှစ်ပါတီသဘောတူညီချက်နှင့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရပါတယ်။

ထို့ပြင် လူငယ်ရေးရာကဏ္ဍတွင် နှစ်ပါတီမှ လူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်ရေးအပြင် မီဒီယာကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E. Volha Chamadanava ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် USDP ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ ဝမ်းပျက်ဝမ်းလျှော လူနာများအား လက်ခံကုသရန် ညွှန်ကြား
Next post ငဝန်ရေကာတာကျိုးပေါက်မှု လေးမျက်နှာမြို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချိုတိုတွင် ရေကြီးရေလျှံ မှုများ ဆက်လက်ဖြစ်ပွား