အပြည်ပြည်ဆိုင်ရာ ဖိအားများကြားမှ အာဆီယံဒေသတွင်း သံတမန်ရေးရာ ကစားကွက်နှင့် မြန်မာအစိုးရ၏ မဟာဗျူဟာ

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆
လွန်ခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံတကာ၏ ဖယ်ကျဉ်ခံထားရသည့် မြန်မာအစိုးရအဖွဲ့သည် ဒေသတွင်း သံတမန်ရေးရာများတွင် သိသာထင်ရှားသည့် ဖြစ်ပေါ်တိုးတက်မှုအချို့ကို အကွက်ချ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်သည့် အဓိက မဟာဗျူဟာမြောက် ကစားကွက်များနှင့် သုံးသပ်ချက်များမှာ –
အသက် ၈၁ နှစ်ပြည့်ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း ပြသသည့် ဓာတ်ပုံများအား ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ ယင်းသည် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် က အာဆီယံ၏ ဘုံသဘောတူညီချက်နှင့် ဝင်ရောက်မစွက်ဖက်ရေး မူများကို “လက်တွေ့ကျကျ” ကျင့်သုံးရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မိန့်ခွန်း မပြောမီ သံတမန်ရေးရာ အကွက်ကျကျ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲများအပြီး နိုင်ငံတော်သမ္မတ ဖြစ်လာသည့် ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ကော်ဇောနီခင်း၍ တရားဝင် အစိုးရခေါင်းဆောင်အဖြစ် သိုက်သိုက်ဝန်းဝန်း ကြိုဆိုခဲ့ပါတယ်။ ယင်းသည် လာအိုပြီးလျှင် နိုင်ငံ့ခေါင်းဆောင်အဖြစ် ဒုတိယမြောက် လက်ခံသည့် အာဆီယံနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်တွင် အာဆီယံအတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းနေသော်လည်း ယခုနှစ်ကုန်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးမှာ စင်ကာပူနိုင်ငံထံသို့ လွှဲပြောင်းရောက်ရှိမည် ဖြစ်ပါတယ်။ စင်ကာပူသည် ဘုံသဘောတူညီချက်များ လိုက်နာရေးအတွက် တင်းကျပ်သည့် မူကို ကိုင်စွဲထားသည့်အတွက် ထိုင်းနိုင်ငံ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့် ၂၀၂၈ ခုနှစ်အထိ စောင့်ဆိုင်းရဖွယ် ရှိကြောင်း Analyst များက သုံးသပ်ကြပါတယ်။

ပြည်တွင်း ပဋိပက္ခများ ရှိနေသော်လည်း ဦးမင်းအောင်လှိုင်သည် ဘန်ကောက်မြို့ရှိ ထိုင်းစီးပွားရေးခေါင်းဆောင်နှင့် ရင်းနှီးမြှုပ်နှံသူ ၇၀၀ ခန့်အား မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထား အရေအတွက်အရ ပိုမိုကောင်းမွန်ပြီး သဘာဝသယံဇာတ ကြွယ်ဝသည့် အခွင့်အလမ်းများစွာရှိသော နိုင်ငံအဖြစ် ပုံဖော်၍ စီးပွားရေးအရ ဆွဲဆောင်ခဲပါတယ်။
အာဆီယံနိုင်ငံများ (အထူးသဖြင့် ထိုင်းနိုင်ငံ) အတွက် ကုန်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းထွက်များအပြင် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး စသည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံသည် မရှိမဖြစ် အဓိက ပါဝင်သူ ဖြစ်နေသည့်အတွက် မြန်မာကို ပြန်လည်ပူးပေါင်းပါဝင်စေခြင်းက ပိုမိုကောင်းမွန်သည်ဟု ယူဆနေကြပါတယ်။

The Straits Times မှ သတင်းဌာနခွဲမှူး မေဝေါင်း (May Wong) ရဲ့ သုံးသပ်ချက်အရ မြန်မာအစိုးရဟာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး အပါအဝင် အခြားသော သံတမန်ရေးရာ နိုင်ဖဲများကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး ရေရှည်ဗျူဟာမြောက် ကစားကွက်များဖြင့် ဒေသတွင်း ဖိအားများကို ကျော်ဖြတ်ရန် ကြိုးပမ်းနေတာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
