// | DailyBriefNews ရန်ကုန်၌ မီးပွိုင့် ၃၅၇ ပွိုင့်ရှိပြီး ယာဉ်ထိန်းရဲ အင်အား ၁,၀၀၀ ကျော် လိုအပ်နေကြောင်း တိုင်းလွှတ်တော်တွင် ရှင်းလင်း -

ရန်ကုန်၌ မီးပွိုင့် ၃၅၇ ပွိုင့်ရှိပြီး ယာဉ်ထိန်းရဲ အင်အား ၁,၀၀၀ ကျော် လိုအပ်နေကြောင်း တိုင်းလွှတ်တော်တွင် ရှင်းလင်း

photo_2026-08-13_12-17-40

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးပွိုင့် ၃၅၇ ပွိုင့်အနက် မီးပျက်သည့် မီးပွိုင့်များတွင် ယာဉ်ထိန်းရဲများ တာဝန်ချထား၍ ယာဉ်လမ်းရှင်းလင်းပေးရန် ညွှန်ကြားထားပြီး အကြောင်းမဲ့ တာဝန်ပျက်ကွက်ပါက ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ အရေးယူလျက်ရှိကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် က ဩဂုတ် ၁၂ ရက် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုး၏ ကြယ်ပွင့်ပြ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

မီးပွိုင့်များ၏ Traffic Light Countdown Timer စနစ်ကို အရေးကြီးပုဂ္ဂိုလ် သို့မဟုတ် ဧည့်သည်တော် လမ်းကြောင်းများ ဖြတ်သန်းချိန်တွင်သာ Manual စနစ်ဖြင့် ထိန်းချုပ်ပြီး ကျန်အချိန်များတွင် Timing Pattern များအတိုင်း မီးပွိုင့်စနစ်ဖြင့်သာ ဆောင်ရွက်ကြောင်း လုံ/နယ်ဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ ခွင့်ပြုအင်အားမှာ ၁,၈၅၅ ဦး ဖြစ်သော်လည်း လက်ရှိတွင် ၈၂၈ ဦးသာ ရှိသဖြင့် အင်အား ၁,၀၂၇ ဦး လိုအပ်နေပြီး တပ်သားသစ်များ လစဉ် စုဆောင်းလျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းနိုင်ငံ၊ ရယောင်းရှိ တရုတ် ဒေတာစင်တာ စီမံကိန်းတွင် မြန်မာနှင့် တရုတ် တရားမဝင် အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ
Next post ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ကျောက်တံတားမြို့နယ်တွင် လမ်းဘေးစျေးသည်များ ငါးရက်ကြာ ပိတ်ထားရန် လိုက်လံကြေညာ