// | DailyBriefNews ရန်ကုန်မြို့လယ် လေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတင်ရသူ ၁၈၀ ကျော်အနက် ပြင်းထန်ပိုးတွေ့သူ ၅၄ ဦးရှိပြီး ၁ ဦး သေဆုံး -

ရန်ကုန်မြို့လယ် လေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတင်ရသူ ၁၈၀ ကျော်အနက် ပြင်းထန်ပိုးတွေ့သူ ၅၄ ဦးရှိပြီး ၁ ဦး သေဆုံး

InCollage_20260813_095608107

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆

ရန်ကုန်မြို့လယ် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်တို့တွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ တက်ရောက်ကုသခံရသူ ၁၈၀ ကျော် ရှိခဲ့ရာ ဩဂုတ် ၁၃ ရက် နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိသူ ၅၄ ဦးရှိပြီး အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁၁ ရက်နေ့အထိ ဆေးရုံတက်လူနာ ၉၈ ဦးရှိခဲ့ရာမှ ဆေးရုံဆင်းခွင့်ရသူ ၈ ဦးရှိခဲ့ပြီး ဩဂုတ် ၁၂ ရက်တွင် လူနာသစ် ၈၄ ဦး ထပ်မံရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် စည်ပင်၊ ကျန်းမာရေး ဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ရောဂါဖြစ်ပွားရာ မြို့နယ်များရှိ အစားအသောက်နှင့် သောက်သုံးရေများကို စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ ၁ ခု၊ ငွေ ၃ ခု ဆွတ်ခူး ရရှိခဲ့
Next post ထိုင်းနိုင်ငံ၊ ရယောင်းရှိ တရုတ် ဒေတာစင်တာ စီမံကိန်းတွင် မြန်မာနှင့် တရုတ် တရားမဝင် အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ