// | DailyBriefNews အီရန်ဆိပ်ကမ်းပိတ်ဆို့မှုကို ချိုးဖောက်ရန်ကြိုးစားသော သင်္ဘောအား အမေရိကန်ရဟတ်ယာဉ်ပစ်ခတ် -

အီရန်ဆိပ်ကမ်းပိတ်ဆို့မှုကို ချိုးဖောက်ရန်ကြိုးစားသော သင်္ဘောအား အမေရိကန်ရဟတ်ယာဉ်ပစ်ခတ်

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆

အီရန်ဆိပ်ကမ်းများပေါ် အမေရိကန်က ပိတ်ဆို့ထားမှုကို ချိုးဖောက်ရန် ကြိုးစားခဲ့သည့် ပနားမားအလံစိုက် M/V Vela Nova ကုန်တင်သင်္ဘော၏ အင်ဂျင်ခန်းအား အမေရိကန်ရေတပ် MH-60 ရဟတ်ယာဉ်က ဩဂုတ် ၁၁ ရက်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ်တိုင်းဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့များ၏ သတိပေးချက်များကို အဆိုပါသင်္ဘောပေါ်မှ အရပ်သားဝန်ထမ်းများက လျစ်လျူရှုခဲ့သဖြင့် ပစ်ခတ် ရပ်တန့်စေခဲ့ခြင်းဖြစ်ပြီး သင်္ဘောမှာ အီရန်သို့ ဆက်လက် မထွက်ခွာနိုင်တော့ကြောင်း သိရပါတယ်။

ဇူလိုင် ၁၄ ရက်တွင် အီရန်ဆိပ်ကမ်း ပိတ်ဆို့မှုကို ပြန်လည်စတင်ခဲ့ပြီးနောက် အမေရိကန်က အီရန်သို့ ဦးတည်သည့် သင်္ဘောတစ်စင်းအား ယခုကဲ့သို့ အတင်းအကြပ် ပစ်ခတ်တားဆီးခဲ့ခြင်းမှာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ CENTCOM ၏ ဖော်ပြချက်အရ ဩဂုတ် ၁၁ ရက်အထိ ပိတ်ဆို့မှုကို ချိုးဖောက်ရန် ကြိုးပမ်းသည့် သင်္ဘော ၅၅ စင်းကို လမ်းကြောင်းပြောင်းစေခဲ့ပြီး အခြားသင်္ဘော ၂ စင်းကိုလည်း တက်ရောက်စီးနင်းခဲ့ကြောင်း၊ ယခင် ဧပြီမှ ဇွန်လအတွင်း ပိတ်ဆို့မှုများ၌ သင်္ဘော ၉ စင်းကို ပိတ်ပင်၍ ၁၄၀ ကျော်ကို လမ်းကြောင်းပြောင်းစေခဲ့ကြောင်း သိရပါတယ်။ အီရန်ဘက်ကမူ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး တောင်းဆိုမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်၏ ဆိပ်ကမ်းပိတ်ဆို့မှုကို အဆုံးသတ်ပေးရန် တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှား ဗုဒ္ဓဘာသာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် လက်မှတ်ရေးထိုး
Next post ဖိလစ်ပိုင်သမ္မတမားကို့စ်နှင့် ဇနီးကို လုပ်ကြံသတ်ဖြတ်ရန် ပြင်းထန်သည့် ခြိမ်းခြောက်မှုဖြင့် ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို တရားစွဲဆို