// | DailyBriefNews မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၆၀ ကို Starlink နှင့် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ -

မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၆၀ ကို Starlink နှင့် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၆၀ ဦးကို သက်သေခံ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ ဖမ်းဆီးမှုအတွင်းမှ ဖုန်းမျိုးစုံ ၈၅ လုံး၊ All In One ကွန်ပျူတာ ၁၁ လုံး၊ Starlink ၂ လုံး၊ Power Station ၂ လုံး၊ Laptop ၄ လုံးအပါအဝင် အခြား ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများကို လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သန်လျင် ရေနံချက်စက်ရုံရှိ ရေလှောင်ကန် တမံပေါက်မှုကို လူအင်အား ၇၀၀ ခန့်ဖြင့် ယာယီ ထိန်းသိမ်းနိုင်ခဲ့
Next post သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှား ဗုဒ္ဓဘာသာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် လက်မှတ်ရေးထိုး