// | DailyBriefNews အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းများ တိုက်ဖျက်ရေးက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် ပြောကြား -

အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းများ တိုက်ဖျက်ရေးက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် ပြောကြား

Christopher-Anderson-appointed-as-new-US-Ambassador-to-Cambodia

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၆

၂၀၂၄ ခုနှစ်တွင် တာဝန်မှ အနားယူသွားခဲ့သည့် ဒဗလျူ ပက်ထရစ် မာဖီ (W Patrick Murphy) ၏ နေရာတွင် အစားထိုးရန် ခရစ္စတိုဖာ အန်ဒါဆန် (Christopher Anderson) အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသစ်အဖြစ် အမေရိကန် ဆီးနိတ်လွှတ်တော်က တရားဝင် အတည်ပြု ခန့်အပ်လိုက်ပါတယ်။

မစ္စတာ အန်ဒါဆန်ဟာ ဆီးနိတ်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ရှေ့မှောက် ထွက်ဆိုချက်မှာ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်း (Online scam compounds) တွေကို တိုက်ဖျက်ရေး၊ စီးပွားရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အပြင် အာဆီယံနှင့် မဲခေါင်-အမေရိကန် မူဘောင်များမှတစ်ဆင့် ဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ၎င်း၏ အဓိက လုပ်ငန်းစဉ်များအဖြစ် တင်ပြခဲ့ပါတယ်။

အထူးသဖြင့် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းများသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ပြီး လူကုန်ကူးခြင်း၊ အဓမ္မ ခိုင်းစေခြင်းနှင့် အမေရိကန် နိုင်ငံသားများထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူခံရမှုများကို ကမ္ဘောဒီးယား အာဏာပိုင်များ၊ ဒေသတွင်း မိတ်ဖက်များနှင့် ပူးပေါင်း၍ အရေးတကြီး ဆောင်ရွက်သွားမည်ဟု ဆိုပါတယ်။

မစ္စတာ အန်ဒါဆန်သည် အမေရိကန် ကြည်းတပ် စစ်အင်ဂျင်နီယာဟောင်း တစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်တွင် စစ်မှုထမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ ကဏ္ဍများတွင် လုပ်သက် ၁၇ နှစ်ကျော် အတွေ့အကြုံရှိသည့် အထက်လွှတ်တော်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာဆီယံအမျိုးသမီးဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရတနာပုံအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်း Phranakorn FC Women MoU ရေးထိုး
Next post ကျောင်းအတွင်း လေဖိအားသုံး သေနတ်နှင့် လက်နက်များ တွေ့ရှိမှုကြောင့် အင်ဒိုနီးရှားတွင် အွန်လိုင်း သင်ကြားရေးသို့ ပြောင်းလဲ