// | DailyBriefNews ဒုက္ခသည် ၅,၀၀၀ ပြန်လည်ပို့ဆောင်ရေးအစီအစဉ် ဘေးကင်းလုံခြုံမှုမရှိပါက ရပ်ဆိုင်းမည်ဟု မလေးရှားအစိုးရ ပြောဆို -

ဒုက္ခသည် ၅,၀၀၀ ပြန်လည်ပို့ဆောင်ရေးအစီအစဉ် ဘေးကင်းလုံခြုံမှုမရှိပါက ရပ်ဆိုင်းမည်ဟု မလေးရှားအစိုးရ ပြောဆို

photo_2026-08-05_17-24-40

ဩဂုတ်လ ၆ ရက်၊ ၂၀၂၆

မလေးရှားနိုင်ငံမှာ ဘင်္ဂါလီဒုက္ခသည်တွေနဲ့ ဒေသခံလူထုအကြား တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ဒုက္ခသည် ၅,၀၀၀ ကို မိခင်နိုင်ငံဆီ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပေမဲ့ အဆိုပါဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံမှာ အသက်အန္တရာယ် ဒါမှမဟုတ် ဖိနှိပ်ညှဉ်းပန်းခံရနိုင်ခြေ ရှိတယ်လို့ တွေ့ရှိပါက ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မှာ မဟုတ်ကြောင်း မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူနှင့် ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖာဇေးလ် က ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေကြောင့် တစ်နိုင်ငံလုံးရှိ ဘင်္ဂါလီဒုက္ခသည် သင်တန်းကျောင်းတွေ ပိတ်သိမ်းခဲ့ရသလို၊ ပီနန်းပြည်နယ်ရှိ နေအိမ်တွေမှ နှင်ထုတ်ခံရသူအချို့ဟာ ကွာလာလမ်ပူရှိ UNHCR ရုံးရှေ့မှာ စုဝေးခဲ့ကြတာကြောင့် ခေတ္တထိန်းသိမ်းခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။

လက်ရှိမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ပြန်လည်ပို့ဆောင်မယ့် ဒုက္ခသည် ၅,၀၀၀ ကို ရွေးချယ်စိစစ်ဖို့ ပြန်လည်သုံးသပ်နေပြီး မြန်မာအစိုးရဘက်က လက်ခံဖို့ အသင့်ရှိနေသော်လည်း ဘေးကင်းလုံခြုံမှု စံနှုန်းတွေကို သေချာလေ့လာပြီးမှသာ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ကလည်း အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်ပါက ပြန်မပို့ဘူးဆိုတာကို မှတ်ချက်ပြုထားကြောင်း သိရပါတယ်။ အခြားတစ်ဖက်မှာတော့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ရုပ်သိမ်းဖို့ မလေးရှားအစိုးရကို တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် စတင်ထွက်ခွာ
Next post ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကော်ဇောနီခင်း ကြိုဆို