// | DailyBriefNews ကျောင်းသားချင်းဓားနှင့်ထိုးသဖြင့် Grade - 8 ကျောင်းသား ဒဏ်ရာအပြင်းအထန်ရရှိမှု မြစ်ကြီးနားတွင် ဖြစ်ပွား -

ကျောင်းသားချင်းဓားနှင့်ထိုးသဖြင့် Grade – 8 ကျောင်းသား ဒဏ်ရာအပြင်းအထန်ရရှိမှု မြစ်ကြီးနားတွင် ဖြစ်ပွား

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက ကျောင်းသားချင်း ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့လို့ Grade – 8 ကျောင်းသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ Grade – 8 ကျောင်းသား မောင်ခန့်သူဟိန်း ဆိုသူက ဆိုင်ကယ်နဲ့ အိမ်ပြန်လာစဉ်မှာ သူ့ဆိုင်ကယ်နောက်က လိုက်လာတဲ့ Grade – 12 ကျောင်းသားက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာဖြစ်ပါတယ်။ ဓားထိုးခံရမှုကြောင့် မောင်ခန့်သူဟိန်းရဲ့ ဦးခေါင်း၊ ပါး၊ လည်ဂုတ်၊ လက်ဖျံနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ဒဏ်ရာရရှိထားတဲ့ ကျောင်းသားဟာ သွေးသံတရဲရဲနဲ့ ဆေးရုံဆီ တစ်ယောက်တည်း ပြေးဝင်လာခဲ့တာဖြစ်လို့ တော်တော်လေး သတ္တိကောင်းတဲ့ ကလေးတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဒဏ်ရာရရှိသူ လူငယ်ကို ဧရာဝတီကရုဏာ အခမဲ့လူမှုကူညီရေးအသင်းက အေးသုခဆေးရုံမှ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။ ဒေသခံတွေကတော့ ဆိုင်ကယ်နောက်က လိုက်စီးပြီး သူငယ်ချင်းအချင်းချင်း ဓားနဲ့ထိုးတာဟာ လွန်လွန်းလှကြောင်းနဲ့ အခုချိန်မှာ သူငယ်ချင်း ဆိုရင်ပင် ယုံကြည်လို့ မရတော့ကြောင်း စိတ်မကောင်းစွာ ဝေဖန်ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း
Next post နိုင်ငံတော်သမ္မတ ထံသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြု တွေ့ဆုံ