// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီမှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြား -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီမှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြား

ဇူလိုင် ၂၈၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်များနယ်မြေရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ သုံးသပ်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါတယ်။
 

ထိုသို့ အမှာစကားပြောကြားစဉ် နိုင်ငံတော်သမ္မတက မိမိတို့နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့် အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေသိရှိနားလည်ရမည်ဖြစ်ပြီး အကျိုးရှိအောင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်ခြေနဲ့ ပတ်သက်ပြီး ထရမ့် အကောင်းမြင်
Next post အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း