// | DailyBriefNews အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း သြဂုတ်လအတွင်း လေ့ကျင့်မှုများ စတင်မည် -

အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း သြဂုတ်လအတွင်း လေ့ကျင့်မှုများ စတင်မည်

ဇူလိုင် ၂၇၊ ၂၀၂၆

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် လာမည့် သြဂုတ်လအတွင်း စတင်လေ့ကျင့်မည်ဖြစ်ပြီး ပြင်ဆင်ချိန် တစ်လဝန်းကျင် ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အာရှအားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ပထမအကြိမ် ယှဉ်ပြိုင်ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ယခုအခါ ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံသား မစ်ဆုအိုကာတို ဆိုသူကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးထားပါတယ်။


အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဂျပန်အသင်းအပါအဝင် အသင်းစုစုပေါင်း ၁၂ သင်းတို့ကို ၄ သင်းစီဖြင့် အုပ်စု ၃ စုခွဲကာ စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဂျပန်နိုင်ငံရှိ ကွင်းငါးကွင်း၌ ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ပါတယ်။


အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် အိမ်ရှင်ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အုပ်စု (C) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပြီး မြန်မာအသင်းအနေဖြင့် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။


ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၇) ဒီနေ့စမယ်
Next post ရတနာပုံအသင်း (၃) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဂျပန်နောက်ခံလူကို ခေါ်ယူ