အိမ်ကွင်းနှစ်ပွဲကို အနိုင်ကစားမယ်လို့ မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်ပြောကြား

ဇူလိုင် ၂၅၊ ၂၀၂၆
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အုပ်စုပွဲစဉ်နှစ်ပွဲလုံးကို အနိုင်ကစားသွားမယ်လို့ ဇူလိုင် ၂၄ ရက်က ပြုလုပ်တဲ့ AFF Championship Hyundai Cup 2026 ပြိုင်ပွဲသတင်းစာရှင်းလင်းပွဲမှာ မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်ပြောကြားလိုက်ပါတယ်။
မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ် ဂျွန်အန်ဒါဆန်က “မြန်မာအသင်းအနေနဲ့ အုပ်စုတွင်းရင်ဆိုင်ရတဲ့အသင်းထဲမှာ FIFA Ranking မြင့်တာ နှစ်သင်းရှိတယ်။ မနက်ဖြန် ကန်ရမယ့် မလေးရှားနဲ့ အုပ်စုအဖွင့်ပွဲက အရေးကြီးပါတယ်။မနက်ဖြန်နိုင်ရင် လာအိုနဲ့ပွဲအတွက် အခွင့်အလမ်းပိုများသွားမယ်”ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံဘောလုံးအဖွဲချုပ် (AFF) က ကြီးမှုးကျင်းပတဲ့ AFF Championship Hyundai Cup 2026 ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်ဖြစ်တဲ့ မြန်မာအမျိုးသားလက်ရွေးစင်အသင်းနဲ့ မလေးရှားအမျိုးသားလက်ရွေးစင်အသင်းရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် နန္ဒကျော်က “မလေးရှားအသင်းနဲ့အဖွင့်ပွဲစဉ်ကို အနိုင်ရရှိအောင် အသင်းသားတွေ ကြိုးစားသွားမှာပါ။ပွဲမတိုင်ခင်မှာလည်း အများကြီးလေ့ကျင့်ထားတယ်။ နည်းပြကြီးရဲ့ နည်းစနစ်ကိုလည်း အကောင်းဆုံး ကြိုးစားထားကြတယ်။ လေ့ကျင့်ထားတာထက် ပိုလုပ်ပြပြီး နိုင်ပွဲကို ရမှာပါ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
AFF Championship Hyundai Cup 2026 ပြိုင်ပွဲတွင် Group တွင် မြန်မာအမျိုးသားလက်ရွေးစင်အသင်း၊ မလေးရှားအမျိုးသားလက်ရွေးစင်အသင်း၊ လာအိုအမျိုးသားလက်ရွေးစင်အသင်း၊ ထိုင်းအမျိုးသားလက်ရွေးစင်အသင်းနဲ့ ဖိလစ်ပိုင်အမျိုးသားလက်ရွေးစင်အသင်းတိုနဲ့ ကျရောက်နေပြီး မြန်မာအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ ဇူလိုင် ၂၅ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
