// | DailyBriefNews မြန်မာ့လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းပွဲများအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကျပ် ၂၀၀၀၊ ၃၀၀၀၊ ၇၀၀၀ သတ်မှတ် -

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းပွဲများအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကျပ် ၂၀၀၀၊ ၃၀၀၀၊ ၇၀၀၀ သတ်မှတ်

ဇူလိုင် ၂၄၊ ၂၀၂၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းပွဲများအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ကျပ် ၂၀၀၀၊ ၃၀၀၀၊ ၇၀၀၀ သတ်မှတ်ကာ ရောင်းချပေးနေလျက်ရှိကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု (B) မှာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နဲ့ ကျရောက်နေပြီး မလေးရှား၊ လာအိုအသင်းတိုနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲများကို အိမ်ကွင်းအဖြစ် လက်ခံကျင်းပခွင့်ရရှိထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် မနက်ဖြန် (ဇူလိုင် ၂၅) ညနေ ၄ နရီခွဲမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ မလေးရှားအသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စုတတိယပွဲအဖြစ် သြဂုတ် ၄ ရက်မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ လာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

MFF ဟာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ မလေးရှား၊ လာအိုအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် အိမ်ကွင်းပွဲ နှစ်ပွဲအတွက် ကွင်းဝင်ကြေးများအဖြစ် ကျပ် ၂၀၀၀၊ ၃၀၀၀၊ ၇၀၀၀ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ ပွဲများကို Channel-9 Free To Air ရုပ်သံကနေ တိုက်ရိုက်ပြသမှာဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာအမျိုးသမီးအသင်း စက်တင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအသင်းနဲ့ စတင်ကစားရမယ်
Next post မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်