// | DailyBriefNews MLWC-11 ပြိုင်ပွဲမှာ အဲမွီနဲ့ သန့်ဇင်၊ ထွန်းမင်းအောင်နဲ့ ရာမာဥ်တို့ ယှဥ်ပြိုင်ထိုးသတ်မယ် -

MLWC-11 ပြိုင်ပွဲမှာ အဲမွီနဲ့ သန့်ဇင်၊ ထွန်းမင်းအောင်နဲ့ ရာမာဥ်တို့ ယှဥ်ပြိုင်ထိုးသတ်မယ်

ဇူလိုင် ၂၁၊ ၂၀၂၆

MLWC-11 ပြိုင်ပွဲကို လာမယ့်သြဂုတ် ၉ ရက်မှာ ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပမှာဖြစ်ပြီး တွဲဆိုင်း ၆ ဆိုင်း ပါဝင်မှာဖြစ်ကာ နာမည်ကြီးရိုးရာလက်ဝှေ့သမားများဖြစ်တဲ့ အဲမွီနဲ့ သန့်ဇင်၊ ထွန်းမင်းအောင်နဲ့ ရာမာဥ်တို့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲကို အလဲထိုးစနစ်နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နာမည်ကြီးရိုးရာလက်ဝှေ့သမားများအပြင် မျိုးဆက်သစ်ရိုးရာလက်ဝှေ့သမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။

ပထမတွဲဆိုင်းအဖြစ် ဒေါင်းမိုက်သွေးနဲ့ စောရူဘီတို့က (၅၃) ကီလိုတန်းမှာ လေးချီယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

ဒုတိယတွဲဆိုင်းအဖြစ် အောင်ကိုလတ်နဲ့ စောထိန်လင်းတို့က (၆၅) ကီလိုတန်းမှာ လေးချီယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

တတိယတွဲဆိုင်းအဖြစ် ဆလိုင်းထန်ခွီးရှိန်နဲ့ ဟိန်းထွန်းအောင်တို့က (၅၆) ကီလိုတန်းမှာ ငါးချီယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

စတုတ္ထတွဲဆိုင်းအဖြစ် နာမည်ကြီး ရိုးရာလက်ဝှေ့သမားများဖြစ်တဲ့ အဲမွီနဲ့ သန့်ဇင်တို့က (၆၀) ကီလိုတန်းမှာ ငါးချီ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

ဒုခေါင်တွဲဆိုင်းအဖြစ် နိုင်ဝင်းထွန်းနဲ့ ကမ္ဘာရှားတို့က (၆၇) ကီလိုတန်းမှာ ငါးချီယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ အဓိကခေါင်ပွဲအဖြစ် နာမည်ကြီးရိုးရာလက်ဝှေ့သမားများဖြစ်တဲ့ ထွန်းမင်းအောင်နဲ့ ရာမာဥ်တို့က (၇၅) ကီလိုတန်းမှာ ငါးချီ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

တွဲဆိုင်း ၆ ဆိုင်းထဲမှာ နာမည်ကြီးရိုးရာ လက်ဝှေ့သမားများဖြစ်တဲ့ ဆလိုင်းထန် ခွီးရှိန်၊ အဲမွီ၊ သန့်ဇင်၊ ထွန်းမင်းအောင်နဲ့ ရာမာဥ်တို့ဟာ ပြည်တွင်းပွဲများသာမက ပြည်ပပွဲများကိုပါ သွားရောက်ယှဉ်ပြိုင်ထိုးသတ်နေကြသူများဖြစ်ကြောင်း သိရပါတယ်။

ဆလိုင်းထန်ခွီးရှိန်၊ အဲမွီ၊ သန့်ဇင်၊ ထွန်းမင်းအောင်တို့ဟာ ONE Championship က ကျင်းပတဲ့ မွေထိုင်းပွဲများကို သွားရောက်ထိုးသတ်နေကြသလို ရာမာဥ်မှာလည်း ထိုင်းနိုင်ငံက မွေထိုင်းပွဲများ၊ ကမ္ဘောဒီးယားနိုင်ငံက ခွန်ခမာပွဲများကို သွားရောက်ယှဉ်ပြိုင်ထိုးသတ်နေသူဖြစ်ကြောင်း သိရပါတယ်။

MLWC-10 ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းက ကျင်းပပြု လုပ်ခဲ့ပြီး တစ်နှစ်အကြာ ယခု ၂၀၂၆ ခုနှစ်၊ သြဂုတ်မှသာ MLWC-11 ပြိုင်ပွဲကို ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်စီးတီးအသင်း ရာသီကြိုခြေစမ်းပွဲများကစားရန် ထိုင်းနိုင်ငံကို ရောက်ရှိနေ
Next post ဇမ္ဗူသီရိမြို့၊ သီရိရတနာအဆင့်မြင့်ဈေးအနီး လူသတ်၊ လုယက်သူ အမျိုးသားနှစ်ဦးကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်