// | DailyBriefNews မြန်မာ့နိုင်ငံရေးအခြေအနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် UN အဆင့်မြင့်အရာရှိ တွေ့ဆုံ -

မြန်မာ့နိုင်ငံရေးအခြေအနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒုတိယသမ္မတ ဦးညိုစောနှင့် UN အဆင့်မြင့်အရာရှိ တွေ့ဆုံ

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၆

ဒုတိယသမ္မတ ဦးညိုစောဟာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးမှူးရုံးချုပ်မှ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယညှိနှိင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲအား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
 
တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနဲ့ နားလည်မှုမြှင့်တင်နိုင်ရေး၊ ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးနဲ့စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာများ၊ အစိုးရရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့မှုများ၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ခဲ့မှုနဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NSPNC နှင့် TNLA တို့ နေပြည်တော်တွင် ပထမဆုံး တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားဘဲ ဖိတ်ခေါ်သည့်အတွက် များစွာအားရပါကြောင်း TNLA ဒုတိယဥက္ကဋ္ဌ ပြောကြား
Next post ၂၀၂၇ ဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် မြင်းစီးပြိုင်ပွဲ ကျင်းပမည်