// | DailyBriefNews မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အတည်ပြု၊ ကော့ခ်မြစ်ညစ်ညမ်းမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ထည့်သွင်းဆွေးနွေးသွားရန် မျှော်လင့် -

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အတည်ပြု၊ ကော့ခ်မြစ်ညစ်ညမ်းမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ထည့်သွင်းဆွေးနွေးသွားရန် မျှော်လင့်

photo_2026-07-17_13-38-25

ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၆

မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဩဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားပြီး ကော့ခ်မြစ် (Kok River) အတွင်း ညစ်ညမ်းမှုအခြေအနေအပါအဝင် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည့် အကြောင်းအရာများထဲတွင် ထည့်သွင်းထားရန် မျှော်လင့်ရကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် အနုတင်က ၎င်းအနေဖြင့် ကော့ခ်မြစ်အတွင်း ညစ်ညမ်းမှုပြဿနာနှင့် အခြားသော နယ်စပ်ဖြတ်ကျော် စိုးရိမ်ပူပန်မှုများကို ဇူလိုင် ၁၅ ရက်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေနှင့် ဆွေးနွေးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲများတွင် တောမီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ တိုင်းရင်းသားလူနည်းစုအရေးကိစ္စများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဦးတည်သည့် နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်ကြောင်း ၎င်းက ဆိုထားပါတယ်။

မကြာမီ ရောက်ရှိလာမည့် ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း အဆိုပါကိစ္စရပ်များကို ဆွေးနွေးရန် ပါဝင်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် အနုတင်က ညှိနှိုင်းဆွေးနွေးမှုအားလုံးကို ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒါက နှစ်နိုင်ငံလုံးအတွက် အပြန်အလှန် အကျိုးကျေးဇူးတွေဆီ ဦးတည်သွားမယ်ဆိုရင်၊ ကောက်ချက်တွေနဲ့ သဘောတူညီချက်တွေဆီ အမြန်ဆုံးရောက်ရှိနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသည့် စက်လှေပေါ်မှ ငွေကျပ် ခုနစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအပါအဝင် ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၀ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Next post ဧရာဝတီအမျိုးသမီးအသင်း ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို တာဝန်ပေးခန့်အပ်