// | DailyBriefNews မြန်မာဖိုက်တာ ဆွန်ရက် ဒီည ထိုင်းဖိုက်တာ ဝတ်တီကရိုင်းနဲ့ ထိုးသတ်မယ် -

မြန်မာဖိုက်တာ ဆွန်ရက် ဒီည ထိုင်းဖိုက်တာ ဝတ်တီကရိုင်းနဲ့ ထိုးသတ်မယ်

ဇူလိုင် ၁၇၊ ၂၀၂၆

မြန်မာဖိုက်တာ ဆွန်ရက်ဟာ ဒီညကျင်းပမယ့် ONF Friday Fights 162 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ဝတ်တီကရိုင်းနဲ့ ယှဥ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

ONF Friday Fights 162 ပြိုင်ပွဲကို ဒီညမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း (၁၄) ဆိုင်းအထိ ပါဝင်မှာဖြစ်ပြီး မြန်မာဖိုက်တာ ဆွန်ရက်က ပထမပိုင်းပွဲစဥ်တွေဖြစ်တဲ့ The Inner Circle မှာ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။

မြန်မာဖိုက်တာ ဆွန်ရက်ဟာ ONE Championship မှာ ပွဲပေါင်း (၁၆) ပွဲအထိ ထိုးသတ်ထားပြီး (၉) ပွဲနိုင်၊ (၇) ပွဲ ရှုံးနိမ့်ထားပါတယ်။

ဆွန်ရက်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းက နောက်ဆုံးထိုးသတ်ထားပြီး ထိုင်းဖိုက်တာ တောဖန်ဖမ်းကို အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။

ဆွန်ရက်နဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ဝတ်တီကရိုင်းက အသက် (၂၄) နှစ်ရှိပြီး အရပ် (၅) ပေ (၉) လက်မ ရှိပါတယ်။

ဝတ်တီကရိုင်းဟာ ONE Champiinship မှာ (၅) ပွဲသာ ထိုးသတ်ရသေးပြီး (၃) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ထားပါတယ်။

ဝတ်တီကရိုင်းဟာ နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားလို့ မြန်မာဖိုက်တာ ဆွန်ရက်နဲ့ ထိုးမယ့်ပွဲမှာ (၃) ပွဲဆက် ရှုံးပွဲမကြုံတွေ့ရအောင် ရုန်းကန်သွားဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရတနာပုံအသင်း မြန်မာ ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး သူရိန်ထွန်းကို ခေါ်ယူ
Next post ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အဆောက်အအုံတစ်ခုမှ ကွန်ကရစ်အမိုးပြားပြိုကျသဖြင့် မြန်မာနိုင်ငံသားတစ်ဦးသေဆုံးကာ တစ်ဦး စိုးရိမ်ဒဏ်ရာရမှု ယနေ့ဖြစ်ပွား