// | DailyBriefNews ၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအသင်းအုပ်စု (G)တွင်ကျရောက် -

၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအသင်းအုပ်စု (G)တွင်ကျရောက်

ဇူလိုင် ၁၆၊ ၂၀၂၆

အုပ်စု (G) ပွဲစဥ်များ  ရန်ကုန်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ (AFC U17 Women’s Asian Cup China 2027)အတွက် ပထမအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့ ဇူလိုင် ၁၆ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်အသင်းသည် အုပ်စု (G)တွင် ဟောင်ကောင်နှင့် ဂူအမ်အသင်းတို့နှင့်အတူ ကျရောက်ခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် ခြေစစ်ပွဲတွင် စံချိန်တင်အဖြစ် အသင်းပေါင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၈ စုခွဲကာ ယှဉ်ပြိုင်သွားမည်ဖြစ်ပါတယ်။

မြန်မာအသင်း ပါဝင်သည့် အုပ်စု (G) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အောက်တို ဘာ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၇ ယူ-၁၇ အမျိုးသမီး အာရှဖလား နောက်ဆုံးအ ဆင့်ပြိုင်ပွဲသို့ အိမ်ရှင်တရုတ်အသင်းအပါအဝင် တိုက်ရိုက်ဝင်ခွင့်ရရှိထားသည့် အသင်းလေးသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရရန် ခြေစစ်ပွဲ အုပ်စုတစ်စုချင်းစီ၏ ဗိုလ်စွဲအသင်းများသာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါတယ်။

လက်ရှိတွင် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး Young Lionesses FC အမည်ဖြင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အသင်းစွမ်းဆောင်ရည် မြှင့်တင်လျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ပေးဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ သီအို ဆို
Next post ယူကရိန်းသမ္မတ ဇယ်လန်စကီး၏ ကာကွယ်ရေးဝန်ကြီးကို ရာထူးမှဖယ်ရှားမှုအား ဆန္ဒပြမှုများ ဖြစ်ပွား