// | DailyBriefNews ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရ -

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရ

ဇူလိုင် ၁၀၊ ၂၀၂၆

၂၀ ကြိမ်မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲဝင်ခွင့်ရ အသင်း ၁၂ သင်းနဲ့ ကျင်းပရန်စီစဉ်ထားတာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ဘဲ တက်ရောက်ကစားခွင့် မရခဲ့ပေမဲ့ ယခုအခါ အသင်းတချို့ နုတ်ထွက်သွားတာကြောင့် အစားထိုးအနေနဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မြန်မာအမျိုးသမီးအသင်း လေးသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။

ဒီအသင်း လေးသင်းမှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အမျိုးသမီးအသင်းတွေက ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲကို တက်ရောက်ကစားခွင့်ရရှိထားခဲ့တာကြောင့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကိုလည်း ဝင်ရောက်ကစားခွင့်ရရှိတာဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာအမျိုးသမီးအသင်းတွေကတော့ ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲကို ခြေစစ်ပွဲမအောင်မြင်ခဲ့သော်လည်း အီရန်၊ အိန္ဒိယအမျိုးသမီးအသင်းတို့နေရာမှာ အစားထိုးဝင်ရောက်ကစားခွင့် ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အိမ်ရှင်ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ဥဇဘက်ကစ္စတန်အသင်း ၁၂ သင်းနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲဝင် အသင်း ၁၂ သင်းကို လေးသင်း လေးအုပ်စုခွဲပြီး ပထမအဆင့်အုပ်စုပတ်လည်ပုံစံနဲ့ ကျင်းပသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲကို လာမယ့်စက်တင်ဘာ ၁၉ ရက်မှာ စတင်မှာဖြစ်သော်လည်း အမျိုးသမီးဘောလုံးပြိုင်ပွဲများကိုမူ စောပြီး စက်တင်ဘာ ၁၄ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အနီးစပ်ဆုံးအဖြစ် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရန်ကုန်မြို့မှာ သုံးပွင့်ဆိုင် ခြေစမ်းပွဲ ကစားထားပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အဲဒီခြေစမ်းပွဲများမှာ ဥဇဘက်ကစ္စတန်ကို (ဝ-၁) ဂိုးနဲ့ ရှုးနိမ့်ပြီး ထိုင်းနဲ့ (၁-၁) ဂိုး သရေကျခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား
Next post မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်