// | DailyBriefNews ဗီယက်နမ်-မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများ VFF ထုတ်ပြန် -

ဗီယက်နမ်-မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများ VFF ထုတ်ပြန်

ဇူလိုင် ၈၊ ၂၀၂၆

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

VFF ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများအဖြစ် ဗီယက်နမ်ဒေါင် ၁၀၀၀၀၀၊ ၂၀၀၀၀၀၊ ၃၀၀၀၀၀ သတ်မှတ်ထားပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကြိုတင်လက်မှတ်အဖြစ် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစမ်းပွဲအပါအဝင် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ဇွန် ၁၈ ရက်ကစပြီး လေ့ကျင့်မှုများ ပြန်လည်စတင်ပြုလုပ်နေလျက်ရှိပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအပြီး လေ့ကျင့်မှုကို ခေတ္တရပ်နားခဲ့ပြီး ဇွန် ၁၈ ရက်မှစကာ  ပြန်လေ့ကျင့်နေတာဖြစ်ပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းဟာ ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဂူအမ်အသင်းကို (၆-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဖိလစ်ပိုင်အသင်းကို (၁-၅) ဂိုးနဲ့ ရှုးနိမ့်ခဲ့ပါတယ်။ 

ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ဟာ လာမယ့်ဇူလိုင် ၁၈ ရက်မှာ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဗီယက်နမ်နိုင်ငံ၊  ထရန်ငုရင်မြို့ရှိ ပရိသတ် ၂၂၀၀၀ ဆံ့ ထရန်ငုရင်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။

ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်း နှစ်သင်းစလုံးဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းကစားခြင်းဖြစ်ကြောင်း သိရပါတယ်။ 

ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး ထိုစဉ်က ဗီယက်နမ်အသင်းက (၅-ဝ) ဂိုးနဲ့ အနိုင်ရထားပါတယ်။

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စု (B) မှာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နဲ့ ကျရောက်နေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပါကစ္စတန်နိုင်ငံ K2 လေကြောင်းလိုင်းမှ လေယာဉ်အမှုထမ်းငါးဦးပါ ကုန်တင်လေယာဉ်တစ်စင်း အာရေဗျပင်လယ်ပေါ်၌ ပျောက်ဆုံး
Next post World MMA Awards မှာ ဂျိုရှူအာဗန် ဆုနှစ်ဆုအတွက် ဆ​န်ခါတင်စာရင်းဝင်နေ