// | DailyBriefNews Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ -

Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင်ပွဲတွင် Music FC အသင်း ဗိုလ်စွဲ

ဇူလိုင် ၆၊ ၂၀၂၆

ယနေ့ ဇူလိုင် ၅ ရက်တွင် MFF Futsal Stadium ၌ ကျင်းပသည့် Futsal လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ဖူဆယ်ပြိုင် ပွဲ ဗိုလ်လုပွဲ၌ Music FC အသင်းက Friends FC အသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။

ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေး ငွေကျပ် ၁၀၂ သိန်း ၇ သောင်းနှင့် Hey Play မှ ဖူဆယ်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါက်တာ ထက်ခိုင်ဝင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီထံ ပေးအပ်ခဲ့ပါတယ်။

တစ်ဦးချင်းဆုများတွင် Music FC အ သင်းမှ ရော်ရွက်က အကောင်းဆုံးက စားသမားဆုကို ရရှိခဲ့ပြီး အမှတ်တရဆုတံ ဆိပ်နှင့် ဆုကြေးငွေ ကျပ် ၅ သိန်း ချီးမြှင့်ခံခဲ့ရသည်။ နှစ်သိမ့်ဆုကို Comedian FC အသင်းက ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံ ဆိပ်နှင့် ဆုကြေးငွေ ကျပ် ၁၀ သိန်း ချီးမြှင့်ခံခဲ့ပါတယ်။

အသင်းလိုက်ဆုများတွင် Movie FC အ သင်းက တတိယဆုနှင့် ဆုကြေးငွေ ကျပ် ၁၅ သိန်း၊ Friends FC အသင်းက ဒုတိယဆုနှင့် ဆုကြေးငွေ ကျပ် ၂၀ သိန်း ရရှိခဲ့ပါတယ်။

ချန်ပီယံဖြစ်သည့် Music FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်များ၊ ဆုကြေးငွေ ကျပ် သိန်း ၃၀ နှင့် ချန်ပီယံဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး Futsal လူငယ်ဖွံ့ဖြိုးတိုးတ က်ရေး ရန်ပုံငွေပြိုင်ပွဲကို အောင် မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းမှာ မြန်မာအလုပ်သမားနှစ်ဦး ယာဉ်တိုက်မှုနဲ့ လုပ်ငန်းခွင်မတော်တဆမှုကြောင့် ရက်ပိုင်းအတွင်း အသက်ဆုံးရှုးခဲ့ရ
Next post မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ FC ၏ လာမည့်ပွဲစဉ် ၃ ပွဲ ဖြင့် လွဲချော်မည်