// | DailyBriefNews မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၄) ဒီနေ့စမယ် -

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၄) ဒီနေ့စမယ်

ဇူလိုင် ၆၊ ၂၀၂၆

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၄) ကို ဒီနေ့ (ဇူလိုင် ၆) ကစပြီး ကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲစဥ် (၄) အဖြစ် ဒီညနေ ပဒုမ္မာကွင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ အပြိုင်ရပ်တည်နေကြတဲ့ ISPE အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်း၊ YUSC ကွင်းမှာ ရှမ်းယူနိုက်တက်နဲ့ Young Lionesses အသင်း၊ ဇူလိုင် (၇) ရက် ပဒုမ္မာကွင်းမှာ ရတနာပုံအသင်းနဲ့ မြဝတီအသင်း၊ ဇူလိုင် (၈) ရက် YUSC ကွင်းမှာ သစ္စာအားမာန်အသင်းနဲ့ ရန်ကုန်စီးတီးအသင်း၊ သုဝဏ္ဏကွင်းမှာ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ဧရာဝတီအသင်းတို ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ပွဲစဥ် (၃) အပြီးမှာ ISPE အသင်းနဲ့ ရန်ကူန်ယူနိုက်တက်အသင်းတိုက (၃) ပွဲကစား၊ (၃) ပွဲနိုင်၊ ရမှတ် (၉) မှတ်စီ ရရှိနေပြီး ISPE အသင်းက ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေကြောင်း သိရပါတယ်။

လက်ရှိချန်ပီယံ ဧရာဝတီအသင်းကတော့ ပြီးခဲ့တစ်ပတ်မှာ ISPE အသင်းကို ရှုးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၅) နေရာအထိ ရောက်ရှိနေပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် အသင်း (၁၀) သင်းစလုံးကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးငွေများပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

MFF ရဲ့ တရားဝင်ထုတ်ပြန်မှုအရ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းက ဆုကြေး ကျပ်သိန်း (၁၀၀၀)၊ ဒုတိယ ကျပ်သိန်း (၇၀၀)၊ တတိယ ကျပ်သိန်း (၅၀၀)၊ အဆင့် (၄) ကျပ်သိန်း (၃၀၀)၊ အဆင့် (၅) ကျပ်သိန်း (၂၀၀)၊ အဆင့် (၆) ကျပ် (၁၇၅) သိန်း၊ အဆင့် (၇) ကျပ်သိန်း (၁၅၀)၊ အဆင့် (၈) ကျပ် (၁၂၅) သိန်း၊ အဆင့် (၉) ကျပ်သိန်း (၁၀၀) နဲ့ အဆင့် (၁၀) ကျပ် (၇၅) သိန်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြိုင်ပွဲဝင်အသင်း (၁၀) သင်းစလုံးကို အခြေခံထောက်ပံ့ငွေအဖြစ် တစ်သင်းလျှင် ကျပ်သိန်း (၅၀၀) စီ ပေးအပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် MFF က သတ်မှတ်ထားသော Development Criteria များနဲ့ ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့အသင်းများကို ကျပ်သိန်း (၂၀၀) စီ ထပ်မံပေးအပ်သွားဖို စီစဥ်ထားကြောင်းလည်း သိရပါတယ်။

ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ ဧရာဝတီ၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ မြဝတီ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီ၊ Young Lionesses၊ ရတနာပုံနဲ့ ဇွဲကပင်ယူနိုက်တက်အသင်း (၁၀) သင်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဧရာဝတီအသင်းဟာ ချန်ပီယံဆုကြေး ကျပ်သိန်း (၅၀၀) သာ ရရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး၊ Patuxai (Victory Gate) သို့ သွားရောက်လေ့လာ
Next post ထိုင်းမှာ မြန်မာအလုပ်သမားနှစ်ဦး ယာဉ်တိုက်မှုနဲ့ လုပ်ငန်းခွင်မတော်တဆမှုကြောင့် ရက်ပိုင်းအတွင်း အသက်ဆုံးရှုးခဲ့ရ