// | DailyBriefNews ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး -

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး

ဇူလိုင် ၃၊ ၂၀၂၆

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနဲ့ မိတ်ဆက်ပွဲ ပုသိမ်မြို့တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပါတယ်။

အဆိုပါ အစီအစဉ်နဲ့ ပတ်သက်ကာ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနဲ့ မိတ်ဆက်ပေးတဲ့ AWFC Meet the futures အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသခံ မိန်းကလေး ကလေးငယ် (၁၂၀) ဦးဖြင့် ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် Football for School အစီအစဉ်ကိုလည်း FIFA နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်တို့ တွေ့ဆုံဆွေးနွေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး MoU များ လက်မှတ်ရေးထိုး
Next post ရန်ကုန်ယူနိုက်တက်အသင်းထံရောက်ရှိလာခြင်းက မိမိအတွက် အခွင့်အရေးကောင်းဟု ဘရာဇီးနောက်ခံလူ သီယာဂိုသောမတ်စ် ပြောကြား