// | DailyBriefNews ဗင်နီဇွဲလား ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ တန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထပ်မံပေးအပ်မည်ဟု တရုတ်ကြေညာ -

ဗင်နီဇွဲလား ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ တန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထပ်မံပေးအပ်မည်ဟု တရုတ်ကြေညာ

ဇူလိုင် ၁ ရက်၊ ၂၀၂၆

တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူပြုရန် ယွမ်သန်း ၁၀၀ တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီပစ္စည်းများကို ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) က ဇွန် ၃၀ ရက်တွင် ပြုလုပ်သည့် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

CIDCA ပြောရေးဆိုခွင့်ရှိသူ တန်ရင် (Tang Ying) က မကြာသေးမီက ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူနှင့်ပစ္စည်း ထိခိုက်ဆုံးရှုံးမှုများ ပြင်းထန်ခဲ့ကြောင်း၊ တရုတ်အစိုးရအနေဖြင့် သမ္မတ ရှီကျင့်ဖျင်၏ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ပြီးနောက် ချက်ချင်းပင် အရေးပေါ်ငွေကြေးအကူအညီများ ပေးအပ်ခဲ့ကြောင်း ပြောကြားထားပါတယ်။

ထို့ပြင် ဘေးအန္တရာယ်၏ ပြင်းထန်မှုကို ထည့်သွင်းစဉ်းစား၍ ဗင်နီဇွဲလားနိုင်ငံ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးနိုင်ရန် ယွမ်သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများကို ထပ်မံပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားအစိုးရ၏ ဦးဆောင်မှုအောက်တွင် ငလျင်ဘေးသင့်ပြည်သူများသည် ဘေးအန္တရာယ်ကို အမြန်ဆုံးကျော်လွှားနိုင်ပြီး နေအိမ်နှင့် လူနေမှုဘဝများကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း CIDCA က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာရှအားကစားပြိုင်ပွဲနှင့် SEA Games အတွက် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပဏာမလူစာရင်း ထုတ်ပြန်
Next post နိုင်ဂျီးရီးယားနိုင်ငံတွင် အလယ်တန်းကျောင်းတစ်ကျောင်းကို လက်နက်ကိုင်များက တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကျောင်းသား ၃၇ ဦး ပျောက်ဆုံးနေ