// | DailyBriefNews (၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့် ငြိမ်းချမ်းရေး အတွက် သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော -

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့် ငြိမ်းချမ်းရေး အတွက် သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဇွန် ၂၇၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၂၆ ရက်မှာကျင်းပတဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“(၅) နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင်အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်။ ရက်ပေါင်း (၁ဝဝ) အတွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်” လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော Mobile Legends Tournament Esports Reality Show ဖြစ်တဲ့ “Zero to Hero Myanmar” အစီအစဉ်ကို ယနေ့ Mahar Esports မှာ စတင်ထုတ်လွှင့်မည်
Next post မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့် ရေရှည်မဟာဗျူဟာ ချမှတ်