// | DailyBriefNews အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး -

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

ဇွန် ၂၆၊ ၂၀၂၆

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာပြိုင်ပွဲများမှာ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ရဲ့ ဖူဆယ်နဲ့ သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉ ဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပရန်ကျန်ရှိတဲ့ ဖူဆယ်ပြိုင်ပွဲများရဲ့ ပြက္ခဒိန်ရေးဆွဲအတည်ပြုခြင်း၊ AFC လိုင်စင်ရ နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေးနဲ့ ဖူဆယ်လက်ရွေးစင်အသင်းများအတွက် နည်းပြအဖွဲ့နဲ့ Technical Team များ ဖွဲ့စည်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆.၆.၂၀၂၆) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post မြို့တော်၏ ဂုဏ်သိက္ခာမြှင့်တင်မည့် နေပြည်တော်မြို့အဝင်မုခ်ဦးကို ငလျင်ဒဏ်ခံနိုင်စံနှုန်းဖြင့် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ မှာကြား