// | DailyBriefNews ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ -

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ဇွန် ၂၄၊ ၂၀၂၆

ဒုတိယသမ္မတ ဦးညိုစောက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတရုံးဧည့်တွေ့ခန်းမမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံချစ်ကြည်ရေး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေများနဲ့ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှု တိုးချဲ့သွားရေးအခြေအနေများအပြင် အိန္ဒိယနိုင်ငံ ရင်းနှီး မြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံမယ့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ရာ မြို့တော်ကာရာကာ့စ်တွင် အဆောက်အအုံများပြိုကျ
Next post ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပွဲတော်သို့ မြန်မာ့လက်ရွေးစင် Esports အားကစားအသင်း(Team Zanaka) ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ