// | DailyBriefNews ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အား ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဦးမင်းနောင်တို့ လက်ခံတွေ့ဆုံ -

ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အား ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဦးမင်းနောင်တို့ လက်ခံတွေ့ဆုံ

ဇွန်လ ၂၄ ရက်

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းဟာ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား ယမန်နေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပြီး ဘင်းမ်စတက်အဖွဲဝင်နိုင်ငံများအကြား စားနပ်ရိက္ခာနဲ့ စွမ်းအင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်းလုံခြုံရေးနဲ့ ပူးပေါင်းလေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဟာ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်အား ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ရှိ ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပြီး ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှုအောက်တွင် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ၌ ဦးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းများ စတာတွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်ကဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြော
Next post ရန်ကုန်-မော်လမြိုင် DEMU ရထား အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများ ထုတ်ပြန်