မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်ကဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြော

ဇွန်လ ၂၄ ရက်
မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်ကဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများစွာပိုင်ဆိုင်ထားပြီးဖြစ်ကာ လိုအပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လိုသည်ဟု ပြောပါတယ်။

” အလုပ်လုပ်ချင်စိတ်က လူတိုင်းနဲ့သက်ဆိုင်ပြီး အလုပ်လုပ်နိုင်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်တာကြောင့် နိုင်ငံတော်ကအလုပ်အကိုင်အခွင့်အလမ်းတွေ အကောင်အထည်ဖော်ပေးသွားမှာပါ”ဟု နိုင်ငံတော်သမ္မတက ပြောပါတယ်။

ထို့ကြောင့် အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန်လိုအပ်ပြီး လိုအပ်သည်များကိုသင်ကြားပြသပေးရမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ် ငန်းများတိုးတက်လာမည်ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများတိုး တက်လာစေရေးအတွက် တိုင်းနှင့် ပြည်နယ်များအလိုက် အလေးထားဆောင်ရွက်ရမည်ဟု ပြောပါတယ်။


