နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ

ဇွန်လ ၃ ရက်
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်ပြီး အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိတဲ့ ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ယနေ့ ဇွန် ၃ ရက်ညပိုင်းမှာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာတဲ့ နိုင်ငံတော်သမ္မတအား အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ရန်ကုန်မြို့အခြေစိုက်အိန္ဒိယသံရုံးရဲ့ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံတော်သမ္မတဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှ မြန်မာနိုင်ငံသို့ အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာချိန်မှာလည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါတယ်။





Hahahaha You are so good
Good a blog toper
Im 4466,yahoo
Here you are
Great post,Thanks for sharing
Hi~(* ̄▽ ̄*)