နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူးဒေလီမြို့သို့ရောက်ရှိ

မေလ ၃၀ ရက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ (မေ ၃၀ ရက်) ဒေသစံတော်ချိန် ညနေပိုင်းမှာ နယူးဒေလီမြို့သို့ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ (မေ ၃၀ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဂါယာလေဆိပ်မှ အထူးလေယာဥ်ဖြင့် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာပြီး၊လေဆိပ်မှာ ကော်လ်ကတ္တားမြို့်၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဘီဟာပြည်နယ်အစိုးရတာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Palam လေတပ်စခန်းသို့ မေ ၃၀ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့်တရားဝင်ခရီးစဥ်အဖြစ်ဆိုက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများကလေဆိပ်မှာ ကြိုဆိုနှုတ် ဆက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၊ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း လျှောက်လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ခြံရံပြီး နိုင်ငံတော်အဆင့်ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

