(၃-၄-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃-၄-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော်တွင် ဧပြီ ၃ ရက်၌ ပြုလုပ်မည်
၂။ စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားရန် ယာယီသမ္မတ မှာကြား
၃။ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်/မြိုနယ်များ၌ လမ်းလျှောက်သင်္ကြန်များကျင်းပမည်
၄။ သင်္ကြန်ရုံးပိတ်ရက်အတွင်း အထူးရထားများတိုးချဲ့ပြေးဆွဲမည်
၅။ ခွင့်ပြုစာရင်းဝင် မိုဘိုင်းဖုန်း (Handset) များအတွက် အခွန်ပေးဆောင်ရန်မလိုအပ်ကြောင်းနှင့် IMEI Paid ပြုလုပ်နိုင်ရေးလုပ်ငန်းစဉ် ထုတ်ပြန်
၆။ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း အထူးရထားများတိုးချဲ့ပြေးဆွဲပေးမည်
၇။ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများအတွက် IMEI Code တစ်ခုခုသည် Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် တောင်းဆိုသည့်အချက်အလက်များ ဖော်ပြမည်ဖြစ်သော်လည်း အခွန်ပေးဆောင်ရန်မလိုအပ်
၈။ ဧပြီလ ၂ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ Octane 92 – ၄၄၅၀ ကျပ်၊ Octane 95 – ၄၉၇၅ ကျပ်၊ Diesel – ၅၄၅၀ ကျပ်၊ Premium Diesel – ၆၀၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထိုင်းဒီဇယ်ဈေး ဘတ် ၃.၅၀ ထပ်တက်လာ
၂။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က NATO ကို စက္ကူကျားဟုခေါ်ဆိုပြီး အမေရိကန် နုတ်ထွက်ရန်အထိ အလေးအနက် စဉ်းစားနေဟု ပြောကြား
၃။ အာတဲမစ် ၂ အာကာသယာဉ်မှူးများ ဘေးကင်းစိတ်ချရပြီး စိတ်ဓာတ်တက်ကြွလျက်ရှိကြောင်း NASA အတည်ပြု
၄။ အင်ဒိုနီးရှားတွင် မဂ္ဂနီကျု ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်
၅။ စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်
၆။ အီရန်စစ်ပွဲအတွက် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ချပေးဖိုပိုလန်အစိုးရ ငြင်းဆို
အားကစားသတင်းများ
၁။ အီရတ်နဲ့ DR ကွန်ဂိုတို ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသင်းအားလုံး စုံလင်သွားပြီဖြစ်
၂။ ONE Friday Fights 149 ပြိုင်ပွဲမှာပါဝင်တဲ့ သန့်ဇင်ပွဲကို အခမဲ့လိုင်းများမှ ကြည့်ရှုခွင့်ရမှာ မဟုတ်
၃။ ပိုလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဆွီဒင်နဲ့ ယှဥ်ပြိုင်ခဲ့တဲ့ ခြေစစ်ပွဲအပြီးမှာ မျက်ရည်ကျခဲ့ကြောင်း သိရ
၄။ ရှုးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို သောမတ်စ်တူဟယ်လ် ပြောကြား
၅။ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခြင်းက မယုံနိုင်စရာကောင်းတဲ့ ခံစားမှုလို ဂရေဟမ်ပေါ်တာ ပြောကြား
အနုပညာသတင်းများ
၁။ “ဗေဒါ” ဇာတ်လမ်းတွဲမှာ ရိုးသားတဲ့တံငါရွာလေးတစ်ရွာမှာ ကြေကွဲဖွယ်အမှန်တရားတွေကြားထဲက လူသစ်ဆိုတဲ့ကာရိုက်တာနဲ့ ခက်ခက်ခဲခဲပါဝင်ရိုက်ကူးခဲ့တယ်ဆိုတဲ့ သရုပ်ဆောင် စစ်နိုင်
၂။ ကိုယ်မလုပ်နိုင်ဘူးထင်နေရင် သူများတွေက ဘယ်လိုလုပ် နင့်ကိုယုံကြည်တော့မှာလဲဆိုတဲ့ အမေ့ရဲ့မေးခွန်းကြောင့် ခွန်အားတွေဖြစ်ခဲ့တဲ့ စောလပြည့်ဝန်း
၃။ ထိုင်းရုပ်ရှင် ‘Gohan’ ဖြင့် နိုင်ငံတကာအနုပညာရပ်ဝန်းဆီ ခြေလှမ်း စတင်လိုက်သည့် ပိုးမမှီသာ
