
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မနက်ပိုင်းတွင် မော်စကိုမြို့ရှိ Radission Collection ၌ ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။



အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို ရုရှားနိုင်ငံရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသည့် Ph.D၊ DS.c သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week) သို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၄ ရက် (ယမန်နေ့)ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။



More Stories
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ယာယီသမ္မတ တက်ရောက် အမှာစကားပြောကြားပြီး ဆုများချီးမြှင့်ပေး
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန် သဘင်ဆောင်ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး...
မြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ
ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့လေဆိပ်သို့ အထူးလေယာဥ်ဖြင့်ဆက်လက်ထွက်ခွာခဲ့သည်။ တရုတ်နိုင်ငံသို့ဆက်လက်ထွက်ခွာမည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား...
မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့တွေ့ဆုံ
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၇ ရက်က ကာဇက်စတန်နိုင် ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် နေ့လည်ပိုင်း၌...
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး ဆက်လက်ထွက်ခွာ
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့မှ ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး...
မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံစဥ် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီးရှင်းလင်းပြောကြားခဲ့
ရုရှားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။...
ခရင်မ္မလင်နန်းတော်၌ မြန်မာနိုင်ငံတော် ယာယီ သမ္မတ နှင့် ရုရှားနိင်ငံသမ္မတတို့ တွေ့ဆုံ
နှစ်နိုင်ငံ သဘောတူညီချက်များကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားနိင်ရန် အသေးစိတ်ဆွေးနွေးသွားမည် ဟု ရုရှား သမ္မတပြော ရုရှားနိုင်ငံ၊ မော်စကိုမြိုတွင်ကျင်းပသည့် ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန်ရောက်ရှိနေသော မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်တို...