// | DailyBriefNews ပရိသတ်တွေနဲ့အတူ “ကြောက်နေရမယ်”ဇာတ်လမ်းတွဲ Fan Meet ပွဲအခမ်းအနား ကျင်းပ -

ပရိသတ်တွေနဲ့အတူ “ကြောက်နေရမယ်”ဇာတ်လမ်းတွဲ Fan Meet ပွဲအခမ်းအနား ကျင်းပ

Mahar Original Series ဖြစ်တဲ့ ပေါ့ပေါ့ပါးပါးရယ်ရမယ့်ဇာတ်လမ်းပုံစံ “ကြောက်နေရမယ်”ဇာတ်လမ်းတွဲ ပရိသတ်တွေနဲ့အတူ Fan Meet ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက် ‌မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Kantharyar Shopping Center (Promotion Area)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“ဇာတ်ကောင်တစ်ခုစီမှာ ကာရိုက်တာတစ်ခုစီ ပီပြင်အောင် သေချာလုပ်ခဲ့တာပါ။ သဲသဲတုန်@ဆုထက်ဇာတ်ကောင်ဆိုလည်း လက်သည်းကအစ အကောင်းဆုံးဖန်တီးခဲ့သလိုပဲ မျက်နှာမိတ်ကပ်‌တွေအစ, အေးချမ်းမောင်ရဲ့ မျက်နှာခြယ်သတာတွေကအစ ဇာတ်ကားမရိုက်ခင် ၂ နာရီလောက်အချိန်ပေးပြီပြင်ဆင်ရိုက်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်က ရိုက်ကူးခဲ့တာပါ”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို ဇာတ်ကားမှာပါဝင်ထားကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အေးချမ်းမောင်၊ ဝေဖြိုး၊ ရဲထွဋ်မင်းခေါင်၊ နေ့သစ်အေးအောင်၊ ဟိန်းသန့်ဇေ၊ လွင်မင်းသန့်၊ ဆုထက်၊ စင်ဒီမြတ်တို့အပြင် အကယ်ဒမီထွန်းထွန်း၊ တေဇလင်းရောင်၊ မိုးပွင့်ဖြူ စတဲ့သူတွေတက်ရောက်ပြီး ဂိမ်းတွေပျော်ပျော်ပါးပါး ဆော့ကစားခဲ့ကြပါတယ်။

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ရွှေရည်ရွှန်းလဲ့က ရေးသားပြီး ဒါရိုက်တာ အောင်ချမ်းလူက အကယ်ဒမီအေးချမ်းမောင်၊ ဝေဖြိုး၊ ရဲထွဋ်မင်းခေါင်၊ နေ့သစ်အေးအောင်၊ ဟိန်းသန့်ဇေ၊ လွင်မင်းသန့်၊ ဆုထက်၊ စင်ဒီမြတ်၊ မြတ်အမရာနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ကြောက်နေရမယ်” ဇာတ်လမ်းတွဲကို စက်တင်ဘာ ၁၈ ရက်ကစ Mahar Application နဲ့ Mahar ရုပ်သံလိုင်းက ညနေ ၆ နာရီတိုင်းမှာ စတင်ထုတ်လွှင့်နေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုတစ်ဝန်းယှဥ်ပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံကိုမဖြစ်မနေဝင်ပြိုင်ရမည်
Next post (၂၂-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ