
မွေးနေ့မှာ “Doe” Music Video သီချင်းသစ်လေး ပရိသတ်ကို လက်ဆောင်ပေးလိုက်တဲ့ ရွှေထူး
ပရိသတ်ချစ်ခင်မှုနဲ့ ရွှေနှစ်ရွှေလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က ယနေ့ စက်တင်ဘာ ၁၉ ရက်မှာကျရောက်တဲ့ အဆိုတော်ရွှေထူးရဲ့ မွေးနေ့မှာ “Doe” Music Video သီချင်းသစ်လေး ပရိသတ်ကို လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။
“ယနေ့ ၁၉ ရက်နေ့ ကျွန်တော့်ရဲ့ မွေးနေ့မှာ ချစ်ဇနီး ရွှေမှုန်ရတီနဲ့အတူ ဆိုထားတဲ့ သီချင်းသစ် MV တစ်ပုဒ်လက်ဆောင်ပေးထားပါတယ်။ ပရိသတ်တွေလည်း နားဆင်အားပေးကြပါဦး” လို့ အဆိုတော်ရွှေထူးက ပြောပါတယ်။
သူ့ရဲ့ မွေးနေ့မှာ ရွှေမှုံရတီကတော့ Birthday Surprise တွေ လုပ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကတော့ အဆိုတော် ရွှေထူးမွေးနေ့ကို ပါချုပ်ဆရာတော်ကျောင်းတိုက်၊ သက်ကြီးရွယ်အိုတွေ၊ မေတ္တာပရဟိတဂေဟာ စတဲ့နေရာတွေမှာ လှူဒါန်းရင်းဖြတ်သန်းခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေနှစ်ရွှေတွဲဖက်ပြီးတော့ Changed၊ မိုးစက်များက ပြောသော သီချင်းတွေကို တွဲဆို ထွက်ရှိခဲ့သလို ရွှေထူးအနေနဲ့ Fish ၊ Toxic ၊ ချာတိတ်၊ လေဟာနယ်၊ နောင်တ၊ စတဲ့သီချင်းတွေ ပရိသတ်အတွက် ဆက်တိုက်ဆိုသလို ထွက်ရှိနေတာလည်း ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “မျက်ကွယ်ရာ” ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်ချစ်ခင်အားပေးမှု ထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်။
“Happy birthday ပါချစ်ယောကျ်ား…။ မွေးနေ့မှစ အသက်ရှည်ကျန်းမာချမ်းသာပြီး ပျော်ရွှင်ပါစေ။ မိန်းကိုလည်း ဒီထက်အများကြီး ချစ်နိုင်ပါစေ။ ယောကျာ်းကို အရမ်းချစ်တယ်…။ ဒီနှစ်မွေးနေ့မှာ ယောကျာ်းကို ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားအောင်လုပ်မလဲဆို စောင့်မျှော်ပေးဦးနော်…။ ဟိဟိ ရင်ခုန်နေပြီ။ မိန်းမရဲ့ အမိုက်စားဘဲကြီး Shwe Htoo”လို့ အကယ်ဒမီ ရွှေမှုံရတီက ပရိသတ်သိအောင် ပြောလာပါတယ်။
