
နိုင်ငံကျော် ကြယ်ပွင့်တို့နဲ့ အတူတောက်ပခဲ့တဲ့ “ခန့်ရတနာဟိန်း စိန်တိုက်” ဖွင့်ပွဲအခမ်းအနား
ခမ်းနားလှပတဲ့ အနုပညာ နဲ့ အရည်အသွေးမြင့်မားတဲ့ စိန်ထည်ရတနာတွေအတူ တောက်ပမယ့် “ခန့်ရတနာဟိန်း” ရဲ့ ဆိုင်ဖွင့်ပွဲ အခမ်းအနားကြီး ကို စက်တင်ဘာလ (၁၈)ရက်နေ့ မှ (၂၀)ရက်နေ့အထိ (၃)ရက်တိုင်တိုင် (၇၃)လမ်း , (၂၇)လမ်းနှင့် (၂၈)လမ်းကြား ,မန္တလေးမြို့ မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယနေ့ စက်တင်ဘာလ (၁၈)ရက်နေ့မှာ နိုင်ငံကျော် အနုပညာရှင်များ ဖြစ်ကြသော သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ နေတိုး , အကယ်ဒမီ ခင်ဝင့်ဝါ , မေဂရေ့စ် တို့က ဂုဏ်ပြုတက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။



ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ညစာစားပွဲ အစီအစဥ်ကြီးကိုပါ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံကျော် အဆိုတော် အောင်ထက် , မေခလာ နဲ့ လားဒင့်ထားရ်ရီ တို့ရဲ့ မြူးကြွတဲ့တေးသံစဥ်တွေအတူ ကြယ်စင်တွေလို တောက်ပတဲ့ “ခန့်ရတနာဟိန်း” ရဲ့ စိန်ထည်ရတနာတွေကို စိတ်ကြိုက် ပျော်ရွှင်စွာ ဝယ်ယူခွင့် ရရှိမှာ ဖြစ်ကြောင်း သိရှိရပါတယ်။