// | DailyBriefNews (၂၅-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၂၅-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၅-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂။ ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ပြင်းထန်တဲ့ လက်တုံပြန်မှုတွေဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၃။ ‎စက်မှုဇုန်များဖွံဖြိုးတိုးတက်ရေးအတွက်‎စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်

၄။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုနယ်သို သယ်ဆောင်သည့်ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၆ ဒသမ ၃၆ ကီလို ဖမ်းဆီးရမိ

၅။ ဗဟန်းမြိုနယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

၆။ PDF တွေကိုင်တဲ့ လက်နက်အစုတ်အပြတ်တွေကို MNDAA က တရားမဝင်လက်နက်ဆိုပြီး ဖျက်ဆီးပြကာ အလက် ၂၀၀ ကိုတော့ တရုတ်ထံအပ်နှံဟုဆို

၇။ ပုသိမ်ကြီးမြိုနယ်နှင့် မတ္တရာမြိုနယ် ကြားရှိ ဖယောင်းတောင်သတ္တုတွင်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်

၈။ ဩဂုတ်လ ၂၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၁၅ ကျပ်၊ Octane 95 – ၂၉၉၅ ကျပ်၊ Diesel – ၂၅၄၀ ကျပ်၊ Premium Diesel – ၃၁၄၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အိန္ဒိယက ရုရှားပိုက်ဆံတွေကို ခဝါချပေးနေတာလို ထရမ့် ကုန်သွယ်ရေး အကြံပေးဆို

၂။ ဝါရှင်တန်ဒီစီမှာ တာဝန်ကျတဲ့ အစောင့်စစ်သားတွေအားလုံး သေနတ်ကိုင်ဆောင်ခွင့်ကို ပြုလိုက်ပြီ

၃။ ဆိုက်ဘာရာဇဝတ်မှုကြီးတစ်ခုနဲ့ ပတ်သက်ပြီး အင်တာပိုက လူပေါင်း ၁၂၀၀ ကျော်ကို ဖမ်းဆီးခဲ့

၄။ လေကြောင်းကာကွယ်ရေးဒုံးကျည်များ စမ်းသပ်မှုကို ကင်ဂျုံအန် ကြီးကြပ်

၅။ စစ်ပွဲများထပ်မံဖြစ်ပွားလာမည်ဆိုပါက စွမ်းဆောင်ရည် ပိုမြင့်သော ဒုံးကျည်များကို အသုံးပြုသွားမည်ဟု အီရန် ခြိမ်းခြောက်

၆။ တတိယကမ္ဘာစစ်ဖြစ်ပွားလာမည်ကို စိတ်ပူစရာမလိုတော့ဟု ဒေါ်နယ်ထရမ့်မှတ်ချက်ပြု

အားကစားသတင်းများ

၁။ ထိုင်းနိုင်ငံ SEA Game ပြိုင်ပွဲကြီးမှာ ပါဝင်ယှဥ်ပြိုင်မယ့် မြန်မာနိုင်ငံကိုယ်စားပြု E-Sports အသင်းတွေကို ရွေးချယ်မယ့် “National Esports Championship 2025” Grand Final ပြိုင်ပွဲကြီးကျင်းပ

၂။ ပင်းတယမြိုနယ်၌ ၂၀၂၅ ခုနှစ်၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဇုန်အလိုက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

၃။ ပရိသတ်ကို ပျော်ရွှင်မှု ပေးနိုင်အောင် ကြိုးစားသွားမှာပါဟု ISPE FC နည်းပြ ဒေါ်စန်းစန်းသိန်း ပြော

၄။ ရမှတ်တူသော်လည်း အုပ်စုတွင်း ဒုတိယနေရာတွင်ရပ်တည်နေသည့် မြန်မာယူ- ၁၆ အမျိုးသမီးအသင်း

၅။ မန်စီးတီးအသင်းဟာ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့ပြီ ဖြစ်

အနုပညာသတင်းများ

၁။ သရုပ်ဆောင်နဲ့နာမည်ရလာတဲ့အခါမှာ ဒီနာမည်ကြီးပြီးသားအလုပ်တစ်ခုကို ထပ်မလုပ်ချင်တဲ့ခံစားချက်မျိုးတွေဖြစ်ခဲ့တယ် ဆိုတဲ့ လွင်မိုး

၂။ သမီးလေးအရွယ်လေးတစ်ခုရလာရင် ဝိတ်တွေပြန်ချ၊ ကျွမ်းတွေထိုးပြီး Underground တွေပါ ပြန်ကမယ်ဆိုတဲ့ ဗီဗာဟိန်း

၃။ “ဆန်းကြယ်သောဖူးစာ” ဇာတ်လမ်းတွဲမှာ အချစ်ဟောင်းနဲ့ အချစ်သစ်ကြား ရွေးရခက်တဲ့ သက်နှင်း ကာရိုက်တာနဲ့ ပရိသတ်ကမြင်တွေ့ရမှာပါဆိုတဲ့ မေသူထွန်း

၄။ အရက်မူးပြီး ကားမောင်းသည့် ထိုင်းနာမည်ကျော်မင်းသမီးက အရက်သေစာစစ်ဆေးမှုလက်မခံသည့်အပြင် ပါလာသည့်လုပ်ငန်းရှင်ကပါ စစ်ဆေးသူများ ဆဲရေးသဖြင့် နှစ်ဦးစလုံးကို ထိုင်းရဲက ဖမ်းဆီး အမှုဖွင့်

၅။ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့သည့် ကမ္ဘာကျော်မင်းသားကြီး ဂျက်လီ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူး နှင့် ဘာသာတွဲ အမှတ်အများဆုံးရသူများကို ရွှေတစ်ကျပ်သား ချီးမြှင့်
Next post (၂၅-၈-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ